ဆရာတော်၏စေတနာရည်မှန်းချက်များ

ထားခဲ့မဲ့အရာ/ယူသွားမဲ့ အရာ

မိမိကိုယ်တိုင်မြတ်စွာဘုရားသာသနာတော်ကို ကြည်ညိုပြီး သာသနိကအဆောက်အဦးများ ဆောက်လုပ်ခြင်း၊ တရားတော်များဟောကြားခြင်းနှင့် ရေးသားပြုစုထားသော တရားစာပေများသည် အနာဂါတ်သာသနာတည်တံ့စေရန် ထားခဲ့သောအရာဖြစ်သည်။ 

မိမိကိုယ်တိုင်ပြုလုပ်ထားသောကုသိုလ်များနှင့် ကျင့်ကြံပွားများထားသော စရဏအကျင့်တို့သည် ဘဝလွတ်မြောက်စေရန် ယူသွားမည့်အရာဖြစ်သည်။

ဝေနေယျအများတို့သည်လည်း ထားခဲ့မဲ့အရာ/ယူသွားမဲ့အရာတို့ကို ကိုယ်စီကိုယ်စီသိရှိပြီး ကြိုးစားကြဖို့ကိုလည်း တိုက်တွန်းအပ်ပါသည်။