၁။ နံနက် (၄:၃၀) ပရိကံပြုရန်
ယောဂီအပေါင်း...သူတော်ကောင်းတို့..။ ယခုအချိန်ဟာ တရားထိုင်တရားအားထုတ်ရမဲ့ အချိန်ဖြစ် ပါတယ်။ တရားမထိုင်မှီ တရားအားမထုတ်ကြသေးမှီ တရားအားလုံးတို့၏ ပိုင်ရှင်မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ပူဇော်ကန်တော့ကြပါစို့။
(နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ) (၃ကြိမ်)
မြတ်စွာဘုရားအားရှိခိုးပြီးတဲ့နောက် တရားမထိုင်မှီ တရားအားမထုတ်ကြသေးမှီ “အနန္တငါးအင်ခိုနားဝင်” ဆိုတဲ့ လင်္ကာ (၅) ပိုဒ်ကို ပူဇော်ကြမှာဖြစ်လို့ တစ်ခေါက်တိုင်ပေးတဲ့အခါ နှစ်ခေါက်စီ ပြန်လည်ပြီးတော့ ပူဇော်ကြ။ အားလုံးလိုက်ဆို..................
(ဗုဒ္ဓရင်ခွင်ခိုနားဝင် အပူကင်းပါစေ
ဓမ္မရင်ခွင်ခိုနားဝင် အပူကင်းပါစေ
သံဃာ့ရင်ခွင်ခိုနားဝင် အပူကင်းပါစေ
မိဘရင်ခွင်ခိုနားဝင် အပူကင်းပါစေ
ဆရာ့ရင်ခွင်ခိုနားဝင် အပူကင်းပါစေ)
(ပရိသတ်-၂ခေါက်ဆို)
သာဓု.....သာဓု.....သာဓု....
တရားမထိုင်မှီ တရားအားမထုတ်ကြသေးမှီ ပုဗ္ဗကိစ္စများကို ပြုလုပ်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အားလုံးညီညီညာညာလိုက်ဆိုပါ။
(က) တပည့်တော်တို့၏ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးကို မြတ်စွာဘုရားအားလှူဒါန်းပါ၏
အရှင်ဘုရား။
(ခ) တပည့်တော်တို့သည် မိုက်မဲတွေဝေခဲ့သည့်အလျှောက် ရတနာသုံးပါးနှင့်တကွ မိဘ-
ဆရာ ပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးတို့တွင် တစ်ပါးပါးဖြင့် ပြစ်မှားမိခဲ့သည်ရှိသော်
ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုးငှာ တောင်းပန်ဝန်ချ ကန်တော့ပါ၏အရှင်ဘုရား။
(ဂ) ကိုယ်စောင့်နတ် ၊ အိမ်စောင့်နတ် ၊ ကျောင်းစောင့်နတ် ၊ ဓမ္မာရုံစောင့်နတ် ၊ ရွာစောင့်နတ်
၊ မြို့စောင့်နတ် ၊ သာသနာတော်စောင့်နတ် ၊ ကမ္ဘာစောင့်နတ်များနှင့်တကွ ရှိရှိသမျှ
သတ္တဝါဟူသမျှတို့သည် အသက်ထက်ဆုံး ဘေးမသီ ရန်မခ ကျန်းမာချမ်းသာကြပါစေ။
(ဃ) ရှေးရှေးဘဝ ၊ ယခုဘဝ ပြုပြုသမျှ ဒါန ၊ သီလ စသော ကုသိုလ်တို့သည် တပည့်တော်တို့
အလိုရှိအပ်သော မဂ်ဖိုနိဗ္ဗာန်ကို ရခြင်း ရောက်ခြင်းအကျိုးငှာ လျင်မြန်စွာကျေးဇူးပြုပါ
စေသတည်း။
(င) ငါသည် မုချသေရမည်...အချိန်ပိုင်းသာလိုတော့သည်... (၃ ခေါက်)
အသေမဦးခင် ဉာဏ်ဦးအောင် ဝိပဿနာတရားကို ကြိုးစားအားထုတ်ပါတော့မည်။
ကမ္မဌာန်းတောင်းရန်
ကမ္မဌာနံ မေ ဘန္တေ ဒေထ သံသာရဝဋ ဒုက္ခတော မောစနတ္တာယ..
ဘန္တေ…အရှင်မြတ်တို့ဘုရား… မေအမှာကံ… တပည့်တော်တို့အား သံသာရဝဋဒုက္ခတော… သံသရာ ဝဋ်ဆင်းရဲအပေါင်းမှ.. မောစနတ္တာယ… လွတ်မြောက်ပါရစေခြင်း အကျိုးငှါ. ကမ္မဌာနံ… မဂ်ဉာဏ် ဖိုလ်ပေါက်နိဗ္ဗာန်ရောက်ကြောင်းအကောင်းဆုံးဖြစ်သောကမ္မဌာန်းတရားကိူ....ဒေထ… ကရုဏာရှေ့ထား ပေးသနားတော်မူပါ……အရှင်မြတ်ဘုရား......
သာဓု သာဓု သာဓု.....
(အလုပ်ပေးတရားအနည်းငယ်ဟောရန်နှင့် တရားဆက်ထိုင်ခိုင်းရန်)
၂။ နံနက် (၅:၃၀) ဘောဇနဆောင်လွှတ်
ယောဂီသူတော်စင်အပေါင်းတို့ ....ယခုအချိန်ဟာ ဘောဇနဆောင်သို့ ကြွလှမ်းကြရမဲ့ အချိန်ဖြစ် ပါတယ်။ ယနေ့ သာသနာတော်နှစ် .................. ခုနှစ် ၊ ကောဇာသက္ကရာဇ် ................... ခုနှစ် ၊ ...................... ...........လ ၊ ခရစ်သက္ကရာဇ် ..............ခုနှစ်၊ ....... လ၊ ........ရက်၊ ................. နေ့ (ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မူလဥယဥ်တိုက်၊ သာသနဝေပုလ္လခိုနားရာဓမ္မရိပ်သာ (၈) ခုတို့၏ ပင်မဓမ္မရိပ်သာ ကြီး) အတွင်း(.... )ကြိမ်မြောက် စီရင်ကျင်းပပူဇော်အပ်သော (၇) ရက်အဓိဌာန်နိဗ္ဗာန်ဝင်လမ်းတရား စခန်းပွဲကြီး၏ (....) ရက်မြောက်သော နံနက်ခင်းမှာ ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့ နှင့် ယောဂီသူတော်စင်တို့၏ သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် တို့ကို ကြည်ညိုသောအားဖြင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြတဲ့ ကောင်းမှုရှင် စေတနာရှင်များကတော့ ........................................... တို့ဖြစ်ကြပါတယ်။ အချိုပွဲ အလှူရှင်စေတနာရှင်များကတော့ ................................... တို့ဖြစ်ကြပါတယ်။
(အလှူရှင်များအားတရားအနည်းငယ်ဟောရန်)
ယနေ့လှူဒါန်းကြတဲ့အလှူရှင်များဟာ မိမိတို့ရရှိထားတဲ့ ပစ္စည်းဥစ္စာတည်းဟူသောအကာမှ ဒါနတည်း ဟူသော အနှစ်သာရ ရရှိအောင် ထုတ်နှုတ်ကြတာဖြစ်လို့ “ပစ္စည်းဥစ္စာအနှစ်ရှာ” ဆိုတဲ့ လင်္ကာဆောင်ပုဒ် တို့ဖြင့် အလှူရှင်တို့ကိုဂုဏ်ပြုကြရအောင်...တစ်ခေါက်တိုင်ပေးမယ်၊ နှစ်ခေါက်ပြန်ဆို အားလုံးလိုက်ဆို...
(က) ပစ္စည်းဥစ္စာအနှစ်ရှာ တွေ့တာဒါနပဲ - (၂ ခေါက်)
(ခ) ဒါနပြုနိုင် ကိုယ်သာပိုင် ကိုယ်ပိုင်ပစ္စည်းမှတ်လိုက်ပါ - (၂ ခေါက်)
(ဂ) ဒါနမပြုနိုင် ကိုယ်မပိုင် ဘုံဆိုင်ပစ္စည်းမှတ်လိုက်ပါ - (၂ ခေါက်)
အလှူရှင်တို့ကို မေတ္တာပို့ကြရအောင် လိုက်ဆိုကြ.....
အမြတ်ဆုံးသောပူဇော်ခြင်းဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျင်မြန်စွာမျက်မှောက်ပြု နိုင်ပါ စေသား အရှင်မြတ် ဘုရား၊ ယနေ့နံနက်ပိုင်း၌ အရုဏ်ဆွမ်း/အရုဏ်အချိုပွဲ ဆက်ကပ်လှူဒါန်းကြသော အလှူရှင် အလှူအမ မိသားစုတို့သည် ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြ ပါစေ ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ ၊ ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ သောကခပ်သိမ်းကင်းငြိမ်း ကြ ပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင်ဆောင်ရွက်နိုင်ပါစေ၊ စည်းစိမ်ဥစ္စာအဖြာဖြာ တိုးပွားကြပါစေ။
ဝေယျာဝစ္စဆောင်ရွက်ကြသူတွေ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ ၊ ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ သောက ခပ်သိမ်း ကင်းငြိမ်း ကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင်ဆောင်ရွက်နိုင်ပါစေ၊ စည်းစိမ်ဥစ္စာအဖြာဖြာ တိုးပွားကြပါစေ။
အားလုံးသတ္တဝါတွေ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ ၊ ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ သောက ခပ်သိမ်း ကင်းငြိမ်းကြ ပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင်ဆောင်ရွက်နိုင်ပါစေ၊ စည်းစိမ်ဥစ္စာအဖြာဖြာ တိုးပွားကြပါစေ။
အလှူရှင်တို့ကိုမေတ္တာပို့သပေးတာဖြစ်ပါတယ်။ အလှူရှင်တွေအားလုံး ခုပို့သတဲ့မေတ္တာဓာတ် ကြောင့် ခုဘဝ သံသရာအေးချမ်းကြပါစေ၊
ကုသိုလ်အားလုံးတို့ကို မိမိတို့ကိုယ်တိုင်တော့ရရှိပါပြီ။ မိမိတို့ကုသိုလ်ကိုမျှော်လင့်နေသော အခြားသော (၃၁) ဘုံသားတို့ ကြားသိအောင် အလှူရှင်တွေက ရေစက်ခွက်ကိုင်..ရေစက်ချကြရအောင်... အားလုံးလိုက်ဆို.....
“ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့နှင့် ယောဂီတို့၏ သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ်တို့ကို ကြည်ညိုသောအားဖြင့် အရုဏ်ဆွမ်း/အရုဏ်အချိုပွဲ လှူဒါန်း ရသော ကုသိုလ်ကောင်းမှု ကြောင့် ယနေ့မှစ၍ ဘေးခပ်သိမ်း ၊ ရန်ခပ်သိမ်း ၊ အန္တရာယ်ခပ်သိမ်း ၊ ရောဂါခပ်သိမ်း ကင်းငြိမ်းပြီးလျင် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်၏ ရရာရကြောင်း အထောက်အပံ့ကောင်းသည် ဖြစ်ပါစေ သား အရှင်မြတ်ဘုရား။ ဤကောင်းမှု၏ အဖို့ဘာဂကို ကျေးဇူးကြီးမား မိဘနှစ်ပါး ၊ ဆရာသမား အစ ထား၍ အားလုံးသော သတ္တဝါအပေါင်းတို့အား အမျှပေးဝေပါကုန်၏ အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေသော်င်။
ဘောဇနဆောင်- ပစ္စဝက္ခဏာ ဆင်ခြင်ကြရအောင်။ အားလုံးလိုက်ဆိုကြပါ။
“ဤသည်စားဖွယ် ၊ အမယ်မယ်ကို မြူးရယ် မာန်ကြွ ၊ လှပရေဆင်း ၊ ပြည့်ဖြိုးခြင်းငှာ ၊ မသုံးပါဘူး။ လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်သည် ရှည်အောင်တည်လျှက် ၊ အသက်မျှတမ်း ၊ မမောပန်းငြား ၊ ဘုရားသာသနာ ကျင့်နှစ်ဖြာကို ကျင့်ပါနိုင်စေ ဝေဒနာဟောင်းသစ် ၊ မဖြစ်စေရ ၊ ယာပိုဒ်မျှလစ် ၊ ခပ်သိမ်းပြစ်ကို ၊ မဖြစ်လေအောင် ချမ်းမြေ့အောင်ဟု သုံးဆောင်မှီဝဲပါသတည်း”
ရွှေငွေပတ္တမြားဒီရေအလားတိုးပွားကြပါစေ ၊ ကိုးဆယ့်ခြောက်ဖြာဘေးရောဂါကင်းရှင်းကြပါစေ။ မိမိကောင်းမှုအကြောင်းပြုတောင်းဆုပြုနိုင်စေ။ သတ္တဝါဟူသ၍ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ၊ သတ္တဝါအများ မြတ်တရား နာကြားနိုင်ကြပါစေ သတ္တဝါအများ မြတ်တရားခိုနားနိုင်ကြပါစေ။
ကုသိုလ် အမျှ....အမျှ.... အမျှ ယူတော်မူကြပါကုန်လော့
သာဓု....သာဓု....သာဓု
ကုသိုလ် အမျှ....အမျှ.... အမျှ ယူတော်မူကြပါကုန်လော့
သာဓု....သာဓု....သာဓု
ကုသိုလ် အမျှ....အမျှ.... အမျှ ယူတော်မူကြပါကုန်လော့
သာဓု....သာဓု....သာဓု
၃။ နံနက် (၉း၀၀) သီလပေးနှင့် အလုပ်ပေး
(က) ဆုပေး...
အမြတ်ဆုံးဖြစ်သော ဘုရားရတနာ ၊ အမြတ်ဆုံးဖြစ်သော တရားရတနာ၊ အမြတ်ဆုံးဖြစ်သော သံဃာ ရတနာ ၊ ရတနာမြတ်သုံးပါး အပေါင်းတို့နှင့်တကွ ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ကြရခြင်းတည်းဟူသော ပူဇဝန္တ ပဏာမ စေတနာ ၊ သဒ္ဒါ ၊ ပညာ ၊ ဝီရိယတရားတို့ကြောင့် ယောဂီအပေါင်းသူတော်ကောင်းတို့သည် အလိုရှိအပ် ၊ တောင်းတအပ်သော မအို ၊ မနာ ၊ မသေ အမြဲနေရာဖြစ်သော နိဗ္ဗာန်သို့လည်း ကောင်း၊ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းသည့် အေးငြိမ်းရာ အမှန်ဖြစ်သော နိဗ္ဗာန်သို့လည်းကောင်း တစ်ထောင့်ငါးရာကိလေသာ အပူဓာတ်၊ အလောင်ဓာတို့၏ ချုပ်ရာငြိမ်းရာသိမ်းရာဖြစ်သော နိဗ္ဗာန်သို့လည်းကောင်း မိမိတို့ ပွားများအားထုတ်ဆဲဖြစ်သော ဒါန ၊ သီလ ၊ စေတနာကံ နှင့်တကွ ဝိပဿနာဉာဏ်သည် လျှင်မြန်စွာ မဂ်ဉာဏ်သို့ကျေးဇူးပြု၍ နိဗ္ဗာန်သို့ ရလွယ် ရောက်လွယ် မျက်မှောက်ပြုလွယ် နိုင် ကြသည်ဖြစ်ကြပါစေ။
(အလုပ်စဥ်အတိုင်းကျင့်ကြံပွားများ အားထုတ်ပါမည်အရှင်ဘုရား။) (ယောဂီများမှ ၂ ခေါက်ဆိုရန်)
(ခ) အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ
ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
(ယမဟံဝဒါမိ တံဝဒေထ) အာမဘန္တေပါ၏ အရှင်ဘုရား။
(ဂ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃ ကြိမ်)
(ဃ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။
ဤလူ့ဘဝ အရတော်သည် ဗုဒ္ဓဘုရား၏ ဂုဏ်ကိုရည် ယုံကြည်မြတ်နိုးလက်စုံမိုးကာ ရှိခိုးပါ၏။
ဤလူ့ဘဝ အရတော်သည် တရားတော်မြတ်၏ ဂုဏ်ကိုရည် ယုံကြည်မြတ်နိုးလက်စုံမိုးကာ
ရှိခိုးပါ၏။
ဤလူ့ဘဝ အရတော်သည် သံဃာတော်များ၏ ဂုဏ်ကိုရည် ယုံကြည်မြတ်နိုးလက်စုံမိုးကာ
ရှိခိုးပါ၏။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
(တိသရဏဂမနံ ပရိပုဏ္ဏံ။) အာမဘန္တေပါ အရှင်ဘုရား။
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမှ ရှောင်ကြဥ်ပါ၏ စောင့်ထိန်းပါ၏၊
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတစ်ပါးတို့၏ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဥ်ပါ၏ စောင့်ထိန်းပါ၏၊
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မမြတ်သော အကျင့်တို့ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏စောင့်ထိန်းပါ၏
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏စောင့်ထိန်းပါ၏
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မူးယစ်စေတတ်သော သေရည်အရက်စသည်တို့ကို သောက်သုံးခြင်းမှ
ရှောင်ကြဉ်ပါ၏စောင့်ထိန်းပါ၏
၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
နေလွဲ ညစာ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ၏စောင့်ထိန်းပါ၏
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကိုယ်တိုင်ကခြင်း၊ သီဆိုခြင်း၊ သူတစ်ပါးကိုကစေခြင်း၊ သီဆိုစေခြင်း၊ ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်းတို့မှ ရှောင်ကြဉ်ပါ၏စောင့်ထိန်းပါ၏
၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မြင့်သောနေရာ မြတ်သောနေရာတို့၌ ထိုင်ခြင်း၊ အိပ်ခြင်း၊လဲလျောင်းခြင်းတို့မှ ရှောင်ကြဉ်ပါ၏စောင့်ထိန်းပါ၏
၉။ မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။
(သဗ္ဗေသတ္တာ ဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေ၊
သတ္တဝါဟူသ၍ တရားတွေ့ချမ်းမြေ့သာယာရှိပါစေ၊
သတ္တဝါအများမြတ်တရားနာကြားနိုင်ကြပါစေ၊
သတ္တဝါအများမြတ်တရားခိုနားနိုင်ကြပါစေ၊
ငါသည်မုချတစ်နေ့ကျ သေရမှာပါတကား ) ၃ ခေါက်
ဣဒံမေဒါနံ၊ ဣဒံမေသီလံ၊ ဣဒံမေဘာဝနံ၊ ဗောဓိဉာဏဿ ပစ္စေယောဟောတု။
ဣဒံမေဒါနံ၊ ယနေ့ယခုလှူဒါန်းရသော ဒါနကုသိုလ်၊ ဣဒံမေသီလံ၊ ယနေ့ယခုဆောက်တည်ရသော သီလကုသိုလ်သည် ဣဒံမေဘာဝနံ ယနေ့ယခုပွားများရသော ဘာဝနာကုသိုလ် သည် ဗောဓိဉာဏဿ၊သစ္စာလေးပါးမြတ်တရားတို့ကို နာကြားသိမြင်ပွားများအားထုတ်နိုင်သော အထောက်အပံ့ကောင်းသည်၊ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။ (တိသဏေနသဟ နဝင်္ဂသပန္နာဂတံ ဥပေါသထသီလံ ဓမ္မာသာဓုကတွာ အမ္ပာဒေနသမ္ပာဒေထ)
အာမဘန္တေပါ ၏အရှင်ဘုရား။
(အလုပ်ပေးတရားဟောရန်)
၄။ (၁၀း၃၀) ဆွမ်းလွှတ်
ယောဂီသူတော်စင်အပေါင်းတို့.....ယခုအချိန်ဟာ ဘောဇနဆောင်သို့ကြွလှမ်းကြရမဲ့ အချိန် ဖြစ်ပါတယ်..။ ယနေ့ သာသနာတော်နှစ်_____________ ခုနှစ်၊ ကောဇာသက္ကရာဇ် ____________၊ _ ခုနှစ်၊ _____________ လ၊ ခရစ်နှစ် _____________ ၊ _____________နေ့ ၊ (ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မူလ ဥယဥ်တိုက် သာသနဝေပုလ္လခိုနားရာဓမ္မရိပ်သာ (၈)ခုတို့၏ ပင်မဓမ္မရိပ်သာကြီး အတွင်း) (.........) ကြိမ်မြောက် သော နေ့လည်ခင်းမှာ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့နှင့် ယောဂီသူတော်စင်တို့၏ သီလဂုဏ် ၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ကြည်ညိုသောအားဖြင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြတဲ့ ကောင်းမှုရှင်များကတော့ ____________________________________________________ တို့ဖြစ်ကြပါတယ်။ အချိုပွဲအလှူရှင် စေတနာရှင်များကတော့__________________________ တို့ဖြစ်ကြပါတယ်။
(အလှူရှင်များအားတရားအနည်းငယ်ဟောရန်)
ယနေ့လှူဒန်းကြတဲ့အလှူရှင်များဟာ မိမိတို့ရရှိထားတဲ့ ပစ္စည်းဥစ္စာတည်းဟူသောအကာမှ ဒါနတည်းဟူ သော အနှစ်သာရရရှိအောင် ထုတ်နှုတ်ကြတာဖြစ်လို့ “ပစ္စည်းဥစ္စာအနှစ်ရှာ”ဆိုတဲ့ လင်္ကာဆောင်ပုဒ်တို့ဖြင့် အလှူရှင်တို့ကိုဂုဏ်ပြုကြရအောင်။
(က) ပစ္စည်းဥစ္စာအနှစ်ရှာ တွေ့တာဒါနပဲ- (၂ ခေါက်)
(ခ) ဒါနပြုနိုင် ကိုယ်သာပိုင် ကိုယ်ပိုင်ပစ္စည်းမှတ်လိုက်ပါ- ( ၂ ခေါက်)
(ဂ) ဒါနမပြုနိုင် ကိုယ်မပိုင် ဘုံဆိုင်ပစ္စည်းမှတ်လိုက်ပါ- (၂ ခေါက်)
အလှူရှင်တို့ကို မေတ္တာပို့ကြရအောင် လိုက်ဆိုကြ.......
အမြတ်ဆုံးသောပူဇော်ခြင်းဖြင့်မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်ကိုလျင်မြန်စွာမျက်မှောက်ပြုနိုင်ပါ စေသား... အရှင်မြတ်ဘုရား၊ ယနေ့နေ့လည်ပိုင်း၌နေ့ဆွမ်း/နေ့အချိုပွဲဆက်ကပ်လှူဒါန်းကြသော အလှူရှင်အလှူအမ မိသားစုတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်း ကြ ပါစေ၊ ဒေါသခပ်သိမ်းကင်းငြိမ်းကြပါစေ၊ ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ သောက ခပ်သိမ်း ကင်း ငြိမ်း ကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင်ဆောင်ရွက်နိုင်ပါစေ၊ စည်းစိမ်ဥစ္စာ အဖြာဖြာတိုးပွားကြ ပါ စေ။
ဝေယျဝစ္စ ဆောင်ရွက်ကြသူတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်း ကြပါစေ၊ ဒေါသခပ်သိမ်းကင်းငြိမ်းကြပါစေ၊ရောဂါခပ်သိမ်းကင်းငြိမ်းကြပါစေ၊ သောကခပ်သိမ်း ကင်းငြိမ်း ကြ ပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင်ဆောင်ရွက်နိုင်ပါစေ၊ စည်းစိမ်ဥစ္စာအဖြာဖြာတိုးပွားကြပါစေ။
အားလုံးသောသတ္တဝါတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းကင်းငြိမ်း ကြပါ စေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ သောက ခပ်သိမ်း ကင်းငြိမ်း ကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင်ဆောင်ရွက်နိုင်ပါစေ၊ စည်းစိမ်ဥစ္စာအဖြာဖြာတိုးပွားကြပါစေ။
အလှူရှင်တို့ကိုမေတ္တာပို့သပေးတာဖြစ်ပါတယ်။ အလှူရှင်တို့အားလုံး အခုပို့သတဲ့ မေတ္တာဓာတ် ကြောင့် အခုဘဝသံသရာ အေးချမ်းကြပါပြီ။ ကုသိုလ်အားလုံးတို့ကို မိမိတို့ကိုယ်တိုင်တော့ရရှိပါပြီ။ မိမိတို့ကုသိုလ်ကို မျှော်လင့်နေသော အခြားသော (၃၁)ဘုံသားတို့ကြားသိအောင် အလှူရှင်တွေက ရေစက်ခွက်ကိုင် ရေစက်ချကြရ အောင်။ အားလုံးလိုက်ဆို....
ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့နှင့်ယောဂီတို့၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုသောအားဖြင့် နေ့ဆွမ်း/နေ့အချိုပွဲ လှူဒါန်းရသော ကုသိုလ်ကောင်းမှုကြောင့် ယနေ့မှစ၍ ဘေးရန် ခပ်သိမ်း၊ အန္တရာယ်ခပ်သိမ်း၊ရောဂါခပ်သိမ်း ကင်းငြိမ်းပြီးလျင် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်၏ ရရာ ရောက်ကြောင်း အထောက်အပံ့ကောင်းသည် ဖြစ်ပါစေသား အရှင်ဘုရား၊ ဤကောင်းမှု၏အဖို့ဘာဂကို ကျေးဇူးကြီးမား မိဘနှစ်ပါး၊ဆရာသမားအစထား၍ အားလုံး သော သတ္တဝါအပေါင်းတို့အား အမျှပေးဝေပါကုန်၏ အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ၊ ချမ်းသာ ဝမ်းသာကြသည်ဖြစ်ကြပါစေသောဝ်။
ကုသိုလ် အမျှ...အမျှ...အမျှ...ယူတော်မူကြပါကုန်လော့
သာဓု...သာဓု...သာဓု...
ကုသိုလ် အမျှ...အမျှ...အမျှ...ယူတော်မူကြပါကုန်လော့
သာဓု...သာဓု...သာဓု...
ကုသိုလ် အမျှ...အမျှ...အမျှ...ယူတော်မူကြပါကုန်လော့
သာဓု...သာဓု...သာဓု...
ဘောဇနဆောင်-ပစ္စဝက္ခဏ ဆင်ခြင်ကြရအောင် အားလုံးလိုက်ဆိုကြပါ။
ဤသည့်စားဖွယ် အမယ်မယ်ကို မြူးရယ်မာန်ကြွ လှပရေဆင်း ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး။ လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်သည် ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ် မဖြစ်စေရ၊ယာပိုဒ်မျှလစ်၊ ခပ်သိမ်းပြစ်ကို မဖြစ်လေအောင် ချမ်းမြေ့အောင်ဟု သုံးဆောင်မှီဝဲပါသတည်း။
ရွှေငွေပတ္တမြားဒီရေအလားတိုးပွားကြပါစေ။ ကိုးဆယ့်ခြောက်ဖြာဘေးရောဂါကင်းရှင်းကြပါစေ။
မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြုနိုင်စေ။ သတ္တဝါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ။
သတ္တဝါအများ မြတ်တရားနာကြားနိုင်ကြပါစေ။ သတ္တဝါအများ မြတ်တရားခိုနားနိုင်ကြပါစေ။
ကုသိုလ် အမျှ...အမျှ...အမျှ...ယူတော်မူကြပါကုန်လော့
သာဓု...သာဓု...သာဓု...
ကုသိုလ် အမျှ...အမျှ...အမျှ...ယူတော်မူကြပါကုန်လော့
သာဓု...သာဓု...သာဓု...
ကုသိုလ် အမျှ...အမျှ...အမျှ...ယူတော်မူကြပါကုန်လော့
သာဓု...သာဓု...သာဓု...
၅။ နေ့လည် (၁း၀၀) နာရီ ပဋိစ္စသမုပ္ပါဒ်သင်တန်း တရားဟောရန်
(က) ဆုပေး
အမြတ်ဆုံးဖြစ်သော ဘုရားရတနာ၊ အမြတ်ဆုံးဖြစ်သော တရားရတနာ၊ အမြတ်ဆုံးဖြစ်သော သံဃာရတနာ ရတနာမြတ်သုံးပါးတို့နှင့်တကွ ဆရာသမားတို့အား ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ရခြင်းတည်းဟူသော ပူဇဝန္တ ပဏာမစေတနာ သဒ္ဓါ ပညာ ဝီရိယတရား တို့ကြောင့် ယောဂီအပေါင်း သူတော်ကောင်းတို့သည် အလိုရှိအပ် တောင့်တအပ်သော မအို မနာ မသေ အမြဲနေရာ ဖြစ်သော နိဗ္ဗာန်သို့လည်းကောင်း၊ မိမိတို့ ပွားများအားထုတ်ဆဲဖြစ်သော ဒါန သီလ စေတနာ ကံနှင့်တကွ ဝိပဿနာဉာဏ် သည် လျှင်မြန်စွာ မဂ်ဉာဏ်သို့ကျေးဇူးပြု၍ နိဗ္ဗာန်သို့ ရလွယ်၊ ရောက်လွယ် မျက်မှောက်ပြုလွယ် နိုင်ကြသည် ဖြစ်ပါစေ။
(အလုပ်စဥ်အတိုင်း ကျင့်ကြံပွားများအားထုတ်ပါမည်အရှင်ဘုရား- ၂ ခေါက်)
(ခ) ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားဟောကြ နာကြမှာဖြစ်ပါတယ်။
(ခိုနားရာဓမ္မရိပ်သာ (၈) ခုတို့၏ ပင်မဓမ္မရိပ်သာ ၊ စမ်းချောင်းရန်ကုန်) ၊ ယနေ့ သာသနာတော် (.......................) ခုနှစ်၊ ကောဇာသက္ကရာဇ် (.......................)ခုနှစ်၊ (.......................) လ၊ (......) ရက် ခရစ်သက္ကရာဇ် (.......................) နေ့.၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ မူလဥယဥ်တိုက်၊ သာသနဝေပုလ္လခိုနားရာဓမ္မရိပ်သာ (၈) ခုတို့၏ ပင်မဓမ္မရိပ်သာကြီးအတွင်း (.........) ကြိမ်မြောက် စီရင် ကျင်းပပူဇော်အပ်သော (၇) ရက်အဓိဌာန် နိဗ္ဗာန်ဝင်လမ်း အဓိဌာန်တရားစခန်းပွဲရဲ့ (.........) ရက်မြောက် သော နေ့လည်ခင်းမှာဖြင့် ဘုရားရှင်၏အလိုတော်ကျ ဆရာသခင်ကျေးဇူးရှင်တို့၏ ဥပနိဿယအတိုင်း ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားတော်များဖြင့် ဟောကြနာကြမှာဖြစ်ပါတယ်။ တရားတော်ကို မဟောကြား ကြသေးမှီ မနာကြားကြသေးမှီဓမ္မိဿရော ဓမ္မရာဇာ ဓမ္မသာမိ တရားအားလုံးတို့၏ပိုင်ရှင် မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အရဟံဂုဏ်တော် ၃ ချက်ဖြင့်ပူဇော်ကြမှာဖြစ်ပါတယ်။ အားလုံးလိုက်ဆို.......
(အရဟံ....ကိလေသာအညစ်အကြေးတို့မှ ကင်းစင်တော်မူသောမြတ်စွာဘုရား။) ၂ ခေါက်
(အရဟံ....ဆိပ်ကွယ်ရာအရပ်၌ မကောင်းမှုမှန်သမျှတို့ကို ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့်
ပြုတော်မမူ ၊ ပြောတော်မမူ ၊ ကြံစည်တော်မမူသော မြတ်စွာဘုရား) ၂ ခေါက်
(အရဟံ...လူမင်း ၊ နတ်မင်း ၊ဗြဟ္မာမင်းတို့၏ ပူဇော်ရာ အထူးကိုခံယူတော်မူထိုက်သော
မြတ်စွာ ဘုရား) ၂ ခေါက်
သတ္တဝါဟူသ၍ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ။
သတ္တဝါအများ မြတ်တရား နာကြားနိုင်ကြပါစေ။
သတ္တဝါအများ မြတ်တရား ခိုနားနိုင်ကြပါစေ။
......သာဓု......သာဓု......သာဓု
အဆင်ပြေမျှတသက်သာသော ဣရိယာပုတ်တို့ဖြင့်ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားကို နာယူနိုင် ကြ ပါပြီ။
၆။ ညနေပိုင်းသစ္စာတရား
၁။ ဆုပေး….
အမြတ်ဆုံးဖြစ်သောဘုရားရတနာ၊ အမြတ်ဆုံးဖြစ်သော တရားရတနာ၊ အမြတ်ဆုံးဖြစ်သော သံဃာရတနာ ရတနာမြတ်သုံးပါးအပေါင်းတို့နှင့်တကွ ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ကြရခြင်းတည်းဟူသော ပူဇဝန္တ ပဏာမ စေတနာ၊ သဒ္ဒါ ပညာ ဝီရိယတရားတို့ကြောင့် ယောဂီအပေါင်းသူတော်ကောင်းတို့သည်အလိုရှိအပ်၊ တောင်းတအပ်သော မအို၊ မနာ ၊ မသေ အမြဲနေရာဖြစ်သော နိဗ္ဗာန်သို့လည်းကောင်း၊ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းသည့် အေးငြိမ်းရာအမှန်ဖြစ်သော နိဗ္ဗာန်သို့လည်းကောင်း ၊ တစ်ထောင့်ငါးရာကိလေသာ အပူဓာတ်၊ အလောင်ဓာတ်တို့၏ ချုပ်ရာ ၊ငြိမ်းရာ ၊ သိမ်းရာဖြစ်သော နိဗ္ဗာန်သို့လည်းကောင်း၊ မိမိတို့ပွားများအားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ ရလွယ်၊ ရောက်လွယ်၊ မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ။…
၁။ ဆရာတော်ပလ္လင်တက်မေတ္တာပို့ရန်
ဆရာတော် ဆရာတော် ခိုနားရာဆရာတော် ဘေးရန်ကင်းပါစေ။ စိတ်ဆင်းရဲခြင်းကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်းကင်းပါစေ၊
သာသနာအကျိုး၊ ဘာသာအကျိုး ဆောင်ရွက်နိုင်ပါစေ
တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့ ပို့သလိုက်တဲ့မေတ္တာတော်ရေ
အောင်စေ အောင်စေ အောင်စေယွန်းလို့ သွန်းတဲ့မေတ္တာရေ။
သာဓု…သာဓု….သာဓု….
မှတ်ချက်။ ။ “ဆရာတော် ပလ္လင်တက် (၃) ခေါက်ရွတ်ဆိုရန်။”
“ပလ္လင်ဆင်း (၂) ခေါက်ရွတ်ဆိုရန်။”
၂၊ တရားပွဲစကြမှာဖြစ်ပါတယ်။
(ခိုနားရာဓမ္မရိပ်သာ (၈) ခုတို့၏ ပင်မဓမ္မရိပ်သာ ၊ စမ်းချောင်၊းရန်ကုန်။) ယနေ့သာသနာတော်နှစ် (.......)၊ ကောဇာသက္ကရာဇ် (.....) ခုနှစ်၊ (.......................) လ၊ (.......) ရက် ၊ ခရစ်သက္ကရာဇ် (................) နေ့ ၊ ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊ မူလဥယဥ◌်တိုက်၊ သာသနဝေပုလ္လခိုနားရာ ဓမ္မရိပ်သာ (၈)ခုတို့၏ ပင်မဓမ္မရိပ်သာကြီးအတွင်း (.......) ကြိမ်မြောက် စီရင် ကျင်းပပူဇော်အပ်သော (၇) ရက်အဓိဌာန် နိဗ္ဗာန်ဝင်လမ်း၊ အဓိဌာန်တရားစခန်းပွဲရဲ့ (.....) ရက်မြောက်သော ညနေခင်းမှာဖြင့် ဘုရားရှင်၏အလိုတော်ကျ ဆရာသခင် ကျေးဇူးရှင်တို့၏ ဥပနိဿယအတိုင်း မြတ်ဗုဒ္ဓဟောကြားခဲ့သော ဒေသနာတော်များဖြင့် ဟောကြားပေးသွားမှာဖြစ်ပါတယ်။ တရားတော်ကိုမဟောကြားကြသေးမှီ မနာကြားကြသေးမှီ ချပေးတာကိုလိုက်ဆိုပြီး ဓမ္မာသနပလ္လင်စတင်ဖွင့်လှစ်ကြစို့၊ အားလုံးလိုက်ဆို….
ဗုဒ္ဓဂုဏ်များစိတ်မှာထားလေးစားကြည်ညိုမည်။ ၂ ခေါက်
ဓမ္မဂုဏ်များစိတ်မှာထားလေးစားနာယူမည်။ ၂ ခေါက်
သံဃာ့ဂုဏ်များစိတ်မှာထားလေးစားကိုးကွယ်မည်။ ၂ ခေါက်
ဗုဒ္ဓရင်ခွင်ခိုနားဝင်အပူကင်းပါစေ။ ၂ ခေါက်
ဓမ္မရင်ခွင်ခိုနားဝင်အပူကင်းပါစေ။ ၂ ခေါက်
သံဃာ့ရင်ခွင်ခိုနားဝင်အပူကင်းပါစေ။ ၂ ခေါက်
မိဘရင်ခွင်ခိုနားဝင်အပူကင်းပါစေ။ ၂ ခေါက်
ဆရာ့ရင်ခွင်ခိုနားဝင်အပူကင်းပါစေ။ ၂ ခေါက်
သတ္တဝါဟူသ၍ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ။
သတ္တဝါအများ မြတ်တရား နာကြားနိုင်ကြပါစေ။
သတ္တဝါအများ မြတ်တရား ခိုနားနိုင်ကြပါစေ။
ဣတေန သစ္စဝဇ္ဇေန ဤသို့ နှုတ်သံဖော်ထုတ်ပြန်၍ ဟုတ်မှန်သော ပဏာမ မေတ္တာစကားကို ပြောကြားရခြင်းကြောင့် ၊ တေတုမှာကံ ၊ တရားချစ်ခင် စိတ်ကျွမ်းဝင်ကြကုန်သော သင်သူတော်စင် ပရိသတ်အပေါင်းတို့ သည် သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ၊ ဗျာပါမငြီး ကျန်းမာခြင်း ချမ်းသာခြင်းနှင့်ပြည့်ဝကြကုန်သည်၊ ဟောန္တု၊ စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။
….သာဓု…သာဓု….သာဓု….
(သစ္စာတရား)
(၇ ရက်သားသမီးမေတ္တာပို့)
တနင်္ဂနွေသားသမီး ပါရမီရှင်တွေ စည်းစိမ်တိုးလို့ပြည့်ဖြိုးလျှံဝေ၊ ခိုနားရာတရားနာကြားခဲ့ပေ၊ အဓိဌာန်လည်းမြောက်စေ၊ နိဗ္ဗာန်လည်းရောက်စေ၊ ရတနာသုံးပါးဆည်းကပ်နိုင်စေ၊ ဘေးမခ အေးမြကြပါစေ။
တနင်္လာသားသမီး ပါရမီရှင်တွေ စည်းစိမ်တိုးလို့ပြည့်ဖြိုးလျှံဝေ၊ ခိုနားရာတရားနာကြားခဲ့ပေ၊ အဓိဌာန်လည်းမြောက်စေ၊ နိဗ္ဗာန်လည်းရောက်စေ၊ ရတနာသုံးပါးဆည်းကပ်နိုင်စေ၊ ဘေးမခ အေးမြကြပါစေ။
အင်္ဂါသားသမီး ပါရမီရှင်တွေ စည်းစိမ်တိုးလို့ပြည့်ဖြိုးလျှံဝေ၊ ခိုနားရာတရားနာကြားခဲ့ပေ၊ အဓိဌာန်လည်းမြောက်စေ၊ နိဗ္ဗာန်လည်းရောက်စေ၊ ရတနာသုံးပါးဆည်းကပ်နိုင်စေ၊ ဘေးမခ အေးမြကြပါစေ။
ဗုဒ္ဓဟူးသားသမီး ပါရမီရှင်တွေ စည်းစိမ်တိုးလို့ပြည့်ဖြိုးလျှံဝေ၊ ခိုနားရာတရားနာကြားခဲ့ပေ၊ အဓိဌာန်လည်းမြောက်စေ၊ နိဗ္ဗာန်လည်းရောက်စေ၊ ရတနာသုံးပါးဆည်းကပ်နိုင်စေ၊ ဘေးမခ အေးမြကြပါစေ။
ကြာသပတေးသားသမီး ပါရမီရှင်တွေ စည်းစိမ်တိုးလို့ပြည့်ဖြိုးလျှံဝေ၊ ခိုနားရာတရားနာကြားခဲ့ပေ၊ အဓိဌာန်လည်းမြောက်စေ၊ နိဗ္ဗာန်လည်းရောက်စေ၊ ရတနာသုံးပါးဆည်းကပ်နိုင်စေ၊ ဘေးမခ အေးမြကြပါစေ။
သောကြာသားသမီး ပါရမီရှင်တွေ စည်းစိမ်တိုးလို့ပြည့်ဖြိုးလျှံဝေ၊ ခိုနားရာတရားနာကြားခဲ့ပေ၊ အဓိဌာန်လည်းမြောက်စေ၊ နိဗ္ဗာန်လည်းရောက်စေ၊ ရတနာသုံးပါးဆည်းကပ်နိုင်စေ၊ ဘေးမခ အေးမြကြပါစေ။
စနေသားသမီး ပါရမီရှင်တွေ စည်းစိမ်တိုးလို့ပြည့်ဖြိုးလျှံဝေ၊ ခိုနားရာတရားနာကြားခဲ့ပေ၊ အဓိဌာန်လည်းမြောက်စေ၊ နိဗ္ဗာန်လည်းရောက်စေ၊ ရတနာသုံးပါးဆည်းကပ်နိုင်စေ၊ ဘေးမခ အေးမြကြပါစေ။
….သာဓု…သာဓု….သာဓု….
(ရတနာသုံးပါးပူဇော်)
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာဓမ္မံပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတိယ္ယာ သံဃံပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ လောကုတ္တရာတရားကိုးပါးအားအလျော်ဖြစ်သော ဤအကျင့်မြတ်ပဋိပတ်ဖြင့်၊ ဗုဒ္ဓံ မြတ်စွာဘုရားကို၊ ပူဇေမိ၊ ပူဇော်ပါ၏အရှင်ဘုရား။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ လောကုတ္တရာတရားကိုးပါးအားအလျော်ဖြစ်သော ဤအကျင့်မြတ်ပဋိပတ်ဖြင့်၊ ဓမ္မံ၊ တရားတော်မြတ်ကို ၊ ပူဇေမိ၊ ပူဇော်ပါ၏အရှင်ဘုရား။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ လောကုတ္တရာတရားကိုးပါးအားအလျော်ဖြစ်သော ဤအကျင့်မြတ်ပဋိပတ်ဖြင့်၊ သံဃံ၊ သံဃာတော်အပေါင်းကို ၊ ပူဇေမိ၊ ပူဇော်ပါ၏အရှင်ဘုရား။
(အမျှဝေ)
အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုလျှင်မြန်စွာမျက်မှောက်ပြုနိုင်ပါ စေသားအရှင်မြတ်ဘုရား။
ဤယနေ့အဖို့၌ အကျွှန်ုပ်တို့တစ်ခစု ပြုလုပ်အားထုတ်ကြကုန်သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ် အစရှိသော အထူးထူးသောကုသိုလ်တို့၏အဖို့ဘာဂကို ရှေးရှေးဘဝ ယခုဘဝတော်စပ်ကြကုန်သော အမိအဖ၊ အဘိုးအဘွား၊ ဆရာသမားအစထား၍ အားလုံးသော သတ္တဝါအပေါင်းတို့အား အမျှပေးဝေပါကုန်၏ ၊ အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဝမ်းသာ ကြသည်ဖြစ်ကြပါစေကုန်သော်ဝ်။
ကုသိုလ်….အမျှ….အမျှ….အမျှ…. ယူတော်မူကြပါကုန်လော့…..
….သာဓု…သာဓု….သာဓု….
ကုသိုလ်….အမျှ….အမျှ….အမျှ…. ယူတော်မူကြပါကုန်လော့…..
….သာဓု…သာဓု….သာဓု….
ကုသိုလ်….အမျှ….အမျှ….အမျှ…. ယူတော်မူကြပါကုန်လော့…..
….သာဓု…သာဓု….သာဓု….
ခိုနားရာဓမ္မရိပ်သာများနေ့စဥ်-ညစဥ်ဝတ်ရွတ်စဥ်
သာသနဝေပုလ္လခိုနားရာဓမ္မရိပ်သာနှင့် ခိုနားရာရိပ်သာခွဲများ
ပရိတ်ကြီး -၁၁ သုတ် နေ့အလိုက်ရွတ်ဖတ်ရန်နေ့အလိုက်ဇယား
၁။ မင်္ဂလသုတ်၊မေတ္တာသုတ် - စနေနေ့
၂။ ရတနသုတ် - တနင်္ဂနွေနေ့
၃။ ခန္ဓသုတ် ၊ မောရသုတ် ၊ ဝဋသုတ် - တနင်္လာနေ့
၄။ ဓဇဂ္ဂသုတ် - အင်္ဂါနေ့
၅။ အာဋာနာဋိယသုတ် - ဗုဒ္ဓဟူးနေ့
၆။ အင်္ဂုလိမာလသုတ် ၊ ဗောဇင်္ဂသုတ် - ကြာသပတေးနေ့
၇။ ပုဗ္ဗဏှသုတ် - သောကြာနေ့
ပုံစံနမူနာများ
သာသနဝေပုလ္လလခိုနားရာပင်မဓမ္မရိပ်သာရဲ့ ( ) ကြိမ်မြောက်
ညအိပ် (၇) ရက်တရားစခန်း
------------------------
ယနေ့ သာသနာတော်နှစ် .................. ခု၊ ကောဇာသက္ကရာဇ် ................... ခုနှစ် ...................... .............လပြည့်ကျော် .......ရက်၊ ခရစ်သက္ကရာဇ် ..............ခုနှစ်၊ ....... လ၊ ........ရက်၊ ................. နေ့ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မူလဥယဥ်တိုက်၊ သာသနဝေပုလ္လခိုနားရာရိပ်သာ (၈) ခုတို့၏ ပင်မဓမ္မရိပ်သာကြီးတွင် (.... )ကြိမ်မြောက် (၇) ရက်တရားစခန်းကြီး၏ ............... နေ့ (...) ရက်မြောက် သော နေ့တွင် အရုဏ်ဆွမ်း၊ အရုဏ်အချိုပွဲ၊နေ့ဆွမ်း၊နေ့အချိုပွဲ လှူဒါန်းကြသော အလှူရှင်များကို မေတ္တာပို့သပြီးမှ ဘောဇနဆောင်သို့ ကြွကြရမှာဖြစ်ပါတယ်။
၁။ အရုဏ်ဆွမ်းလှူဒါန်းကြသော အလှူရှင်များကတော့...................................................................... . ............................................................................................................................................................
............................................................................................................................................................
၂။ အရုဏ်အချိုပွဲအလှူရှင်များကတော့..................................................................................................
............................................................................................................................................................ ............................................................................................................................................................၃။ နေ့ဆွမ်းလှူဒါန်းကြသောအလှူရှင်များကတော့.................................................................................
............................................................................................................................................................ ............................................................................................................................................................၄။နေ့အချိုပွဲအလှူရှင်များကတော့ ........................................................................................................
............................................................................................................................................................ ............................................................................................................................................................