ရန်ကုန် ပင်မရိပ်သာ (၁)

သာသနဝေပုလ္လ ခိုနားရာပင်မဓမ္မရိပ်သာ (၁) စမ်းချောင်း ရန်ကုန်

သာသနဝေပုလ္လ ခိုနားရာပင်မဓမ္မရိပ်သာ(၁) ရန်ကုန် ကို ၄ရက်၊ဧပြီလ၊၂၀၀၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး၂၀၀၉ ခုနှစ်မှ စတင်ကာ တစ်လလျှင်တစ်ကြိမ် ပုံမှန် တရားစခန်းများကို ဖွင့်လှစ်လျှက် ရှိသည်။ သင်္ကြန်အချိန် တွင် အထူးတရားစခန်းများဖွင့်လှစ်ကာ ယောဂီများစွာကို ဝိပဿနာတရားများ ဟောပြော ပြသခြင်း များကိုပြုလုပ်လျှက်ရှိပါသည်။

၂၀၂၄ ခုနှစ် မတ်လ တွင် စုစုပေါင်း တရားစခန်း အကြိမ်ရေ (၇၅)ကြိမ် စိန်ရတုသို့ကျော်လွန်ခဲ့ပြီး ဖြစ်သည်။ ဝါတွင်းကာလ ဥပုသ်ရက်များတွင် တစ်ရက် တရားစခန်း များကိုလည်း နေ့ယောဂီများ အတွက် ဖွင့်လှစ်ကာ ဝိပဿနာတရားများကို ဟောပြောတရားပြသနေပါသည်။

ကိုဗစ်ကပ်ရောဂါ ကာလတွင်တရားစခန်းများကို ခေတ္တရပ်နားခဲ့ပြီး တရားစခန်းများ ကို (၅၆) ကြိမ် မြောက် ၂၀၂၂ ခုနှစ် ဇွန်လမှ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။

တရားစခန်းအမျိုးအမည်များ
(၁) ညအိပ်တရားစခန်း
(၂) ဝစီပိတ်တရားစခန်း
(၃) မီးငြိမ်းတရားစခန်း
(၄)ဝါတွင်းဥပုသ်နေ့ တစ်ရက်တရားစခန်း
(၅) အထူးညဓမ္မသဘင်တရားပွဲများ ကို နှစ်စဥ်ကျင်းပလျှက်ရှိသည်။