ဆရာတော်၏ မွေးရပ်ဇာတိ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ချောင်းခွအုပ်စု၊ ဝေသုခရွာ (ကျွဲတဲ) တွင် ခိုနားရာဓမ္မရိပ်သာ ရိပ်သာခွဲ-၂ ကို ၂၀၁၆ ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်တစ်ကြိမ် ပုံမှန်ညအိပ်တရားစခန်းပွဲများကို ကျင်းပပြီး မီးငြိမ်းတရားစခန်း၊ ဝါတွင်းကာလ ဥပုသ်တစ်ရက် စခန်းများ နှင့် ညအထူးဓမ္မသဘင် တရားပွဲကြီးများကိုလည်း ကျင်းပပြုလုပ်လျှက် ရှိပါသည်။
ခိုနားရာဆရာတော်၏မွေးလ တပေါင်းလပြည့်ကျော် ၁၅ ရက် နေ့တိုင်း အသက် (၅၀) မွေးလတွင် တည်ထားကိုးကွယ်သော “အာယုဒီဃစေတီတော်မြတ်”ကြီးအား နှစ်စဥ် ဗုဒ္ဓဘိသေက မင်္ဂလာကျင်းပ ပူဇော်လျှက်ရှိပါသည်။